Verified
NO

ကေအန်ယူက အရှိန်မြှင့် ကူညီမည်ဟု ဆို

  • Incident Incident
  • Nearby Incident Nearby Incident

Incident Report Description

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနယ်စပ် မြို့နှစ်မြို့တွင် စစ်အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေကို အရှိန်မြှင့်ကူညီမည်ဟု ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ လက်အောက်ခံတပ် အင်အား ၂၅ဝ ကျော်နှင့် ဒီကေဘီအေ တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးတပ်များ ယနေ့နံနက် တိုက်ပွဲဖြစ်ခဲ့သလို၊ ဘုရားသုံးဆူတွင်လည်း ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က မြို့အချက်အခြာ နေရာများ၌ ဝင်ရောက် တပ်စွဲထားသည့်အပေါ် ကေအန်ယူဘက်က သဘောထားပေးခြင်း ဖြစ်သည်။

“တိုက်ပွဲအရှိန် မြင့်လာတာနဲ့အမျှ ကျနော်တို့ဘက်က မြှင့်ပြီး ဒီကေဘီအေကို ဆက်ပြီး ကူညီပေးတာပေါ့လေ” ဟု ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက မဇ္ဈိမကို ပြောသည်။

မြဝတီတိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ တပ်သား ၂ဝ ဒီကေဘီအေ ၈ ဦး ဒဏ်ရာရသည်ဟု စစ်ဘက် သတင်းရပ်ကွက်က ပြောသည်။ သီးခြားအတည်ပြုချက် မရပါ။

ဘုရားသုံးဆူတွင် ကြေးနန်းနှင့် ဆက်သွယ်ရေးရုံး အပါအဝင် အစိုးရရုံး အဆောက်အဦး ၄ ခုကို မီးတင်ရှို့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

စစ်ဘက်လေ့လာသူများအဆိုအရ နှစ်နေရာလုံးတွင် နယ်ခြားစောင့်တပ်အချို့က ဒီကေဘီအေနှင့် ပူးပေါင်းပါဝင်ကာ စစ်အစိုးရတပ်များကို တိုက်ခိုက်သည်ဟု ပြောသည်။

ပူးပေါင်းသူများတွင် ဒီကေဘီအေ ဒုတပ်ရင်းမှူးဟောင်း ဗိုလ်မုတ်သုံမှာ ဗိုလ်မှူးကြီး စောလားပွယ်၏ ယောက်ဖဖြစ်ပြီး၊ အင်အားထက်ဝက်ခန့်ဖြင့် နယ်ခြားစောင့်တပ်အဖြစ် နအဖ စစ်တပ် ကွပ်ကဲမှုအောက် ပြောင်းခဲ့သူဖြစ်သည်။

စကခ ၁၉ အောက်ရှိ အရာရှိတဦးကို ဆက်သွယ်မေးမြန်းရာ ဒီကေဘီအေများကို အပြတ်တိုက်ထုတ်ရန် နေပြည်တော်က အမိန့်ပေးထားသည်ဟု မဇ္ဈိမကို ပြောသော်လည်း အသေးစိတ်ဖြေရန် ငြင်းဆိုသည်။

စစ်အစိုးရတပ်များက ဒီကေဘီအေတပ်များရှိရာ ကြံခင်းဘုန်းကြီးကျောင်းနှင့် အနီးတဝိုက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအောက်တွင် နေရာယူထားကြသည်ကို တွေ့ရကြောင်း မြို့ခံတဦးက ပြောသည်။

တံတားအနီးရှိ အိမ်ရှင်တဦးက “အိမ်ထဲက ချောင်းကြည့်တော့ အပြင်မှာ စစ်သားတွေ ရောက်နေပြီ။ ဟိုဘက်မှာက ဒီကေဘီအေ တပ်တွေလည်း ရှိတယ်။ အပြင်ကို တယောက်မှ မထွက်ရဲဘူး။ ဘာတွေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

နှစ်နိုင်ငံ ပိုင်းခြားထားသော သောင်ရင်းမြစ်ကို ဖြတ်ကျော်ထွက်ပြေးလာသူ မြဝတီဘက်မှ စစ်ဘေး ဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စစ်တပ်ဝင်းအတွင်း ယာယီတဲများထိုးကာ နေရာချထားပေးသည်။ ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရောက်ရှိလာပြီဟု TNN ထိုင်းရုပ်သံသတင်းက ကြေညာသည်။

ဒုက္ခသည်များအတွက် ဒေသခံထိုင်းများ၊ အန်ဂျီအိုများနှင့် ပုဂ္ဂလိက အလှူရှင်များက အစားအသောက်များ လှူဒါန်းသည်။ သို့သော် ယာယီတဲလုံလောက်မှု မရှိဘဲ ဖြစ်နေသည်။

မြဝတီလမ်းမကြီးများပေါ်တွင်မူ လူသူအသွားအလာများ မရှိတော့ဘဲ ခြောက်ကပ်နေသည်။
Credibility: UP  DOWN  0
ADDITIONAL REPORTS AND DISCUSSION   (Add)

Images

Incident Report(s)

TITLE LOCATION DATE
TPDC arbitrary tax demands in Mudon Township balloonMudon myanmarJan 10 2010
SPDC soldiers raped and shot dead two Karen women, when they took offensive in KNU Brigade (7) areaKwe Laaw P’loe village, Lu Pleh (Hlaing Bwe) Township, Hpa-an District, Karen StateJun 12 2009
Arbitrary taxation increasing in Mudon TownshipTaungkalay village, Mudon Township, Mon StateSep 5 2009
Travel restrictions resisted Mon StateThanbyuzayat, Mon StateAug 12 2009
Frustrated by military abuses, young Mon men join Rehmonnya groupKo Du Kwe, Karen, MyanmarJul 19 2009

Name:
E-Mail:
Comments:
Security Code:
Captcha